စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်တင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး ထိခိုက် ဆုံးရှုံးမှုမရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိသွားတယ်လို့ သိရပါတယ်။
“မြို့တော်ခန်းမအရှေ့ ဗုံးပေါက်ကွဲခဲ့တယ်။ ပေါက်ကွဲပြီး မကြာဘူး။ စစ်ကောင်စီတပ်တွေ ရောက်ခဲ့တယ်။ သူတို့ရောက်လာပြီး ရမ်းသန်းပစ်ခတ်တာကြောင့် လမ်းသွားလမ်းလာပြည်သူတစ်ဦး ထိခိုက်သွားတယ်။”လို့ အနီးအနားနေ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကလေးမြို့ မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲပြီး မကြာခင်မှာ ကလေး ရဲစခန်းအနီးမှာလည်း ထပ်မံ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။