Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကို ရွှေဘိုနှင့် ခင်ဦး ပြည်သူ့ကာကွယ်ရေး ၂ ဖွဲ့ ပူးပေါင်း ချေမှုန်းမည်
DVB
·
September 7, 2021
240511415_1203588663450851_4172540054838613245_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ SMATH (သိန်းငှက်) အဖွဲ့နဲ့ ခင်ဦးမြို့ ကာကွယ်ရေးအဖွဲ့ ခင်ဦးစားချစ်ညို တို့နှစ်ဖွဲ့ မဟာမိတ်အဖြစ်ပူးပေါင်းပြီး ရွှေဘိုခရိုင်အတွင်းက စစ်ကောင်စီတပ်တွေကို ချေမှုန်းသွားမယ်လို့ စက်တင်ဘာလ ၇ ရက်နေ့က ပူးပေါင်းကြေညာလိုက်ပါတယ်။

ရွှေဘိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိန်းငှက်) မြေအောက်တော်လှန်ရေးအဖွဲ့ဟာ ရွှေဘိုမြို့နယ်အနှံ့ စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ အဆောက်အဦတွေကို အဓိကထား ဖောက်ခွဲရေး လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

ခင်ဦးစားချစ်ညို မြေအောက်တော်လှန်ရေးအဖွဲ့ကတော့ စစ်ကောင်စီအထောက်အပံ့ပေးနေ သူတွေနဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ချေမှုန်းနေတဲ့အဖွဲ့တို့ ဖြစ်ပြီး D Day သတ်မှတ်ပြီး နောက်ပိုင်း ထိရောက်တဲ့တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အခုလို ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က D Day သတ်မှတ်ခဲ့ ပြီးနောက်  ရွှေဘိုခရိုင်အတွင်းမှာ ပထမဆုံးပူးပေါင်းတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024