Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ် ဗုံးပေါက်ကွဲ
DVB
·
September 7, 2021
241311302_1172031136624228_2500852827824212012_n

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်ခိုင်ဖြိုးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းရဲ့ နေအိမ်မှာ စက်တင်ဘာ ၆ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက "သူက ကြံ့ခိုင်ရေးပါတီက အမတ်လောင်းဖြစ်ပြီး နာမည်ကြီးပျူစောထီးခေါင်းဆောင်ပေါ့။ ပေါက်ကွဲမှုဖြစ်ပြီး မြို့ထဲမှာ စစ်သားတွေ သေနတ်တွေဖောက် သောင်းကျန်းနေကြတယ်" လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းဟာ ကြို့ပင်ကောက်မြို့၊ ပန်းတင်ရပ်ကွက်၊ လမ်းသစ်တန်းလမ်းမှာနေထိုင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီဗွီဘီက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဦးမြင့်သိန်း ရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024