ဆီးဂိမ်းဘောလုံးပွဲအပြီး ပဋိပက္ခဖြစ်ပွား

ရန်ကုန်မြို့မှာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ မြန်မာ-အင်ဒိုနီးရှား ပွဲစဉ် အပြီး သုဝဏ္ဍကွင်းနားမှာ မီးရှို့မှုတွေ၊ လူအုပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတချို့နဲ့ အဖမ်းအဆီးတချို့လည်း ရှိခဲ့ပါတယ်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဒီဇင်ဘာ ၁၆ရက်နေ့ အမျိုးသားဘောလုံး ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး အိမ်ရှင်မြန်မာအသင်းက ဆီးမီးဖိုင်နယ်နဲ့ လွဲချော်သွားခဲ့ပါတယ်။ [gallery ids="48596,48597,48598,48599,48600,48601,48602,48603,48604,48605,48606,48607,48608,48609,48610"]

//
More News
Up