မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမာန်အင်း ပတ်လမ်းရှိ လူနေအိမ်တွေကို စက်တင်ဘာလ ၅ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်တပ်သားတွေ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
အခုလိုရှာဖွေတာဟာ နေ့လယ်ပိုင်းက ဖြစ်ခဲ့တဲ့ စစ်ကောင်စီယာဉ်ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်နေပြီး ယောက်ျားလေးတွေကို ရိုက်နှက်စစ်မေးတာတွေရှိတယ်လို့ ဆိုပါတယ်။
“ကန်ပတ်လမ်းရဲ့ အနောက်က လမ်းပေါ်မှာ ရိုက်နှက်ဆဲဆိုတာတွေ လုပ်တယ်။ သွေးထွက်သံယိုတွေပါဖြစ်တယ်လို့ ကြားတယ်။ အဲ့ဒီနားမှာ စစ်သားတွေအော်ဆဲနေကြတယ်။ မနိုင်နိုင်ရာ မဲတဲ့ပုံစံနဲ့။” လို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
တောင်သမာန်အင်း ပတ်လမ်းမှာ စစ်ကောင်စီ ယာဉ်ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အနည်းဆုံး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။