Home
မြန်မာသတင်း
ဘုတလင်မြို့၊ ဝမ်းစတားစိုက်ပျိုးရေးဆေးပိုင်ရှင်ကို စစ်တပ်က ဖမ်းဆီး
DVB
·
September 5, 2021
BuTaLin 1Star fertilizer owner

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ဝမ်းစတားစိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင် ကိုအောင်တင့်လွင်ကို စစ်တပ်က စက်တင်ဘာ ၄ ရက် ညနေမှာ မေးစရာရှိလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ကိုအောင်တင့်လွင်ရဲ့ မိသားစုနဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက “ဟိုအရင်ရက်တွေတုန်းကတော့ စိုက်ပျိုးရေးဆေးဆိုင်တွေကို လိုက်လံစစ်ဆေးတာတွေတော့ စစ်ကောင်စီက လုပ်တယ်။ သူတို့ပြောတာကတော့ ဆေးရောင်ဝယ်လိုင်စင်ရှိလား။ အမိုးနီးယံဆာလဖိတ်ပါတဲ့ ဓာတ်မြေဩဇာရောင်းတာတွေ ရှိလားပေါ့။ ရှိရင်တော့ ဖမ်းမိန့်မပါဘူး၊ ပစ်မိန့်ပဲပါတယ်လို့ ပြောပြီး စစ်ဆေးတာတွေတော့ ရှိတယ်။ အခုဟာက မေးစရာရှိလိုဆိုပြီး မနေ့ ညနေပိုင်းကခေါ်လို့ သွားတာ။ အခုအထိပြန်မလာသေးဘူး”လို့ ပြောပါတယ်။

ကိုအောင်တင့်လွင်ကို လက်ရှိဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေတဲ့အတွက် ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေက သူ့အတွက် စိုးရိမ်နေကြပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အပြစ်မဲ့ ပြည်သူတွေကို  အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024