ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်မှာ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီက ၁၀ ဘီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ဆိုင်ခန်းကို ဝင်တိုက်ပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်လင်ကနေ နမ့်စန်လမ်းအတိုင်း မောင်းနှင်လာသော NISSAN အမျိုးအစား အပြာရောင် ၁၀ ဘီး ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ နမ့်စန်မြို့ အမှတ်(၄)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးရဲ့ ဝဲဘက်ခြမ်းမှာရှိတဲ့ အိမ်ရဲ့ ကွန်ကရစ်ခင်း ၁ ထပ် ဆိုင်ခန်းကို ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း ဒဏ်ရာရရှိသွားတာကြောင့် နမ့်စန်ပြည်သူ့ဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာကို နမ့်စန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။