ရေစကြိုမြို့နယ် ပခုက္ကူ-မန္တလေးကားလမ်းပေါ် ရေကြီး (ဓာတ်ပုံ)
DVB
·
September 2, 2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာအနီး ပခုက္ကူ-မန္တလေး ကားလမ်းမပေါ်မှာ စက်တင်ဘာ ၂ ရက် မနက် ၇ နာရီခန့်က ရေကျော်ခဲ့တာကြောင့် ခရီးသည်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေ သွားလာရေး အခက်အခဲကြုံခဲ့ကြရတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခုလို လမ်းရေကျော်တာ ဖြစ်ပါတယ်။
ရေစကြိုမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ခရီးသည်တင်ယာဉ်၊ ဆိုင်ကယ်တွေနဲ့ ပြည်သူတွေကို သွားလာရေးလွယ်ကူစေဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။