ဂျပန်က မြန်မာကို စီမံကိန်း ၄ ခုအတွက် ဒေါ်လာ သန်း ၆၀၀ ကူညီမည်

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို စီမံကိန်း ၄ ခုအတွက် ဒေါ်လာ သန်း ၆၀၀ နဲ့ ညီမျှတဲ့ ယန်း ၆၃ ဘီလျံ အကူအညီပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ 20131215-2-2ဒီဇင်ဘာ ၁၅ ရက် တိုကျိုမှာ နှစ်နိုင်ငံ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးအပြီး သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ နှစ်ဦး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောလိုက်တာပါ။ စီမံကိန်း ၄ ခုကတော့ ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်း၊ သီလ၀ါ ဆိပ်ကမ်း အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးရေး စီမံကိန်း၊ ပဲခူးအနောက်ခြမ်းဒေသ ဆည်ရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ဖြစ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း ပါဝင်ကူညီသွားမယ်လို့ ကတိပြုခဲ့ပါသေးတယ်။

//
More News
Up