Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်က အန်အယ်လ်ဒီပါတီဝင် ၃ ဦး ဖမ်းဆီးခံရ
DVB
·
September 1, 2021
240457680_1689657154698546_4521024083524340107_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊  ဝါးဒက်ကွင်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၃ ဦး သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိမ်ဇရပ်မြို့ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါးဒက်ကွင်း ကျေးရွာနေ ကိုအောင်နိုင်စိုး အပါအဝင် ရပ်ကျေး အန်အယ်လ်ဒီပါတီဝင် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့တွေက အင်အား ၅၀ ကျော် အသုံးပြုပြီး နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဖမ်းဆီးခံရသူ  ၃ ဦးကို ဘယ်နေရာမှာ  ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့ အဆက်အသွယ် ပြတ်နေရတယ်လို့ သိမ်ဇရပ်မြို့ အန်အယ်လ်ဒီ ပါတီ တာဝန်ရှိသူ တစ်ဦးက DVB ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ သြဂုတ်လ နောက်ဆုံးအပတ်ကစပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အန်အယ်လ်ဒီ ပါတီဝင်‌တွေနဲ့ CDM ဝန်ထမ်းတွေကို အင်အားသုံးပြီး ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်ကလည်း သိမ်ဇရပ်မြို့ အန်အယ်လ်ဒီ ပါတီအတွင်းရေးမှူး ဦးဇော်မိုးထက်ကို သူကိုယ်ပိုင် စားသောက်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ ၃၀ ကျော်က အရပ်ဝတ်နဲ့ လာရောက် ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း CDM ဝန်ထမ်းတွေ စုနေတဲ့ ကျိုက်ထိုမြို့နယ် မုပ္ပလင်စံပြကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းရှာဖွေခဲ့ပြီး အချိန်မီရှောင်နိုင်ခဲ့လို့ ဖမ်းဆီးရမိသွားခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024