ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်ခံရသူ ၁၄,၆၆၆ ယောက်ရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၂ သိန်းကျော်လာခဲ့ပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကူးစက်မှုအသစ်တွေထဲက ၃၀၄ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂၁,၁၈၆ ယောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက် တည်း ရောဂါကူးစက်ခံရပြီး သေဆုံးသူအယောက် ၁၉၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁,၅၈၉ ယောက် ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၇ ဒသမ ၉ သန်းကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၁၉၄ ဒသမ ၇၆ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၄ ဒသမ ၅၂ သန်းကျော် ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၉ နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ထိပ် ဆုံးမှာတော့ အမေရိကန်က သန်း ၄၀ နီးပါး၊ အိန္ဒိယက ၃၂ ဒသမ ၇၆ သန်းကျော်၊ ဘရာ ဇီးက ၂၀ ဒသမ ၇၅ သန်းကျော်စီ အသီးသီး ကူးစက်ခံထားရပါတယ်။