ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ကျုံးဘေးက ပန်းဆောဝ်ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်ညက အရက်ဘီယာဝိုင်းဖွဲ့သောက်စားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ သံဃာ ၇ ပါးနဲ့ ဒါယကာ ၁ ဦးတို့ဟာ တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်ခံယူခဲ့ပြီး လူဝတ်လဲလိုက်ကြပြီလို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
သူတို့အားလုံးဟာ လူစုလူဝေးဝိုင်းဖွဲ့စားသောက်မှုကြောင့် ကူးစက်ရောဂါတားဆီးရေးဥပဒ ဖောက်ဖျက်မှု ၊ ကိုဗစ်-၁၉ အရေးပေါ်ဥပဒေဖောက်ဖျက်မှုနဲ့ ကနဦးအရေးယူခံရပြီး ချင်းမိုင်တရား ရုံးက ဒဏ်ငွေ ဘတ် ၁၀၀၀ စီ နဲ့ ထောင်ဒဏ် ၁၅ ရက် ( ဆိုင်းငံ့ ၁ နှစ် ) စီချမှတ်ထားပါတယ်။
သံဃာ ၇ ပါးကို အယ်လ်ကိုဟောစစ်ဆေးကိရိယာနဲ့ မှုတ်ခိုင်းရာမှာ ၄ ပါးမှာ အရက် သေစာသောက်စားကြောင်းထင်ရှားတဲ့အတွက် ၁ ပါးလျှင် ဒဏ်ငွေ ဘတ် ၂၅၀၀ စီ ထပ်မံချမှတ်ခံ ရပါတယ်။
သာသနာရေးဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်သံဃနာယက အဖွဲ့က ယမန်နေ့ည ၇ နာရီက ချင်းမိုင်မြို့ ချန့်ခလန်ရပ်ကွက်ရှိ ဥပကုတ်ကျောင်းတိုက်မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် မိမိသဘောနဲ့ မိမိလူထွက်ပါကြောင်း ဝန်ခံချက်လက်မှတ်ရေးထိုးစေပြီး ချက်ချင်း သိက္ခာချလူဝတ်လဲလိုက်ကြတယ်လို့ ဒီကနေ့မနက် ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ကိုးကား - .chiangmainews.