Home
မြန်မာသတင်း
ကျောက်မဲ စစ်ဘေးရှောင်ရာနေရာအနီး တိုက်ပွဲဖြစ်၍ အခြားတနေရာသို့ ထပ်မံတိမ်းရှောင်
DVB
·
August 31, 2021
240735414_3035648140000969_449333234785667244_n
240702250_3035648170000966_1485353681290415405_n
240481616_3035648313334285_5508016783814428812_n
240481616_3035648273334289_1557935359020689619_n
240388384_3035648186667631_7689836099049268319_n
240180069_3035648240000959_6645030936553373802_n
239913028_3035648296667620_2720577727568832046_n
239752493_3035648326667617_4864761618597525774_n
239648836_3035648373334279_1820085708622716690_n
236557722_3035648223334294_1263582271475133836_n

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပန်စလော့ရွာအနီးမှာ မနေ့ မနက်ပိုင်းက  တပ်ပေါင်းစု SSPP + TNLA နဲ့  RCSS တို့ကြား ထိတွေ့ပစ်ခတ်မှုရှိတာကြောင့် ပန်စလော့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ ကျောက်မဲမြို့အနီး မန်ခါကျေးရွာကို ထပ်မံတိမ်း ရှောင်ခဲ့ကြရပါတယ်။

သူတို့တွေဟာ လွယ်ကုံ နဲ့ မောက်ငါးစန့် ရွာကဖြစ်ပြီး ပန်စလော့ရွာသားအချို့လည်ပါဝင်ကာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်တယ်လို့  စစ်ဘေးရှောင်တွေကို ကူညီနေရာချထားပေးသူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အရင်ပတ်က သူတို့ရွာထဲမှာတိုက်ပွဲဖြစ်လို့ ပန်စလော့ဘုန်းကြီးကျောင်းမှာ လာခိုလှုံ နေတာပါခင်ဗျ။ မနေ့မနက်ကတော့ ပန်စလော့ရွာအဝင်လမ်းနားမှာ ပစ်ခတ်သံတွေကြားရလို့ ကြောက်လန့်ပြီး မန်ခါရွာကို ရှောင်လာတယ်။ ပန်စလော့ နဲ့ မန်ခါက မိုင် ၂၀ လောက်ရှိမယ်ထင်တယ်။ မနက် ၁၁ နာရီထိုးခါနီးရောက်လာပြီး မန်ခါကျောင်းတိုက်မှာ နေရာချပေးပါတယ်။”

မန်ခါရွာမှာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ပန်ဟုန်းရွာက စစ်ဘေးရှောင် ၅၀ ကျော် ရောက်နှင့်နေလို့ စုစုပေါင်း ၂၅၀ ကျော်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ကျောက်မဲခရိုင် ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လဆန်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)  တပ်ဖွဲ့၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နဲ့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြား နယ်မြေစိုးမိုးမှုပြဿနာနဲ့ တိုက်ပွဲဖြစ်နေရာမှာ လက်နက်ကိုင်တွေက ရွာထဲ အပြန်အလှန် ဝင်ရောက်နေရာယူလို့ နေအိမ်တွေထိခိုက်ပျက်စီးသလို ရွာသားတွေလည်း ကျည်ထိ မှန်ဒဏ်ရာရတာ သေဆုံးတာတွေ ရှိနေပါတယ်။ 

ကျောက်မဲမြို့နယ် လွယ်ကုံရွာမှာဆိုရင် ပြီးခဲ့တဲ့ဩဂုတ်လ ၂၆ ရက်နေ့က ရွာသား ၂ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး သီပေါမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စု ခိုင်းအန့်ရွာမှာတော့ ဩဂုတ် ၂၃ ရက်နေ့က စိုင်းနာလိန်ထွန်း (အသက် ၂၅) နှစ်ဆိုသူမှာ အိမ်သာထဲ လက်နက်ကြီးစ ဖောက်ဝင်လာလို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဆိုပါ ခိုင်းအန့်ရွာမှာပဲ ဩဂုတ် ၂၃ ရက်နေ့က ကျေးရွာလက်ထောက်အုပ်ချုပ်ရေးမှူး လုံးပန်မွန်း (အသက် ၄၀ ကျော်) နဲ့ ဩဂုတ် ၂၇ ရက်နေ့က ဘုန်းတော်ကြီးကျောင်းပညာရေး ကျောင်းဆရာ စိုင်းကျောက် (အသက် ၂၀ နှစ်) ကို SSPP ဘက်က RCSS သတင်းပေးသူလို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ ဒီနေ့ထိ သေသည်ရှင်သည်မသိရကြောင်း၊ မိသားစုဝင်တွေက တဘက်က စစ်ဘေးရှောင်ရင်းနဲ့ အဖမ်းခံရသူတွေအတွက်လည်း စိတ်ပူပင်နေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိကျောက်မဲ နဲ့ သီပေါ မြို့နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ရှိပြီး ကျောက်မဲ မိုင်းတင်း၊ မိုင်းငေါ့၊ မန်ခါ စတဲ့ အုပ်စုထဲက ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာရော၊ သီ‌ပေါမြို့နယ် ဆွန်လုံအုပ်စုထဲမှာပါ ရောက်ရှိခိုလှုံလျက်ရှိပါတယ်၊ တချို့က မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ဝင်ရောက်ခိုလှုံပြီး အချို့ကမိုင်းကိုင်တုံလောရွာဘက် တိမ်းရှောင်သွားကြပါတယ်။ 

ကျောက်မဲစစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီလိုပါက ကျောက်မဲရှမ်းစာပေ နဲ့ယ ဉ်ကျေးမှုအသင်း ဖုံးနံပါတ် ၀၉ ၉၇၆၃၀၁၉၆၆ / ၀၉၆၈၇၆၆၉၃၅၂ / ၀၉၂၅၉၂၅၂၀၄၂   ကို ဆ က်သွယ်လှူဒါန်းနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024