ပုဇွန်တောင်မြို့နယ် ဗိုလ်တထောင်ဘုရားလမ်း နဲ့ အနော်ရထာလမ်းထောင့် Orchid hotel နားမှာ ဗုံးတွေ့တယ်သတင်းကြားလို့ စစ်ကားသုံးစီးနဲ့ စစ်သားအင်အား အများအပြား လမ်းပိတ်ဆို့ပြီး စစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလောလောဆယ်တော့ အင်အား လေးဆယ်လောက်နဲ့ ပိတ်ဆို့ထားပြီး ကားတွေပြန်လွှတ်ပေးနေကာ လူတွေကိုလည်း ဖြတ်သန်းမသွားဖို့ တားနေတယ်လို့ ဆိုပါတယ်။
Orchid hotel ကို ဗုံးဖောက်ခွဲမဲ့သတင်းတွေလည်း ထွက်ပေါ်နေပြီး မင်္ဂလာဒုံ ရာသက်ပန်မှတ်တိုင်အနီး ရဲ၊ စစ်သား တို့ စစ်ဆေးရေးတင်းကြပ်နေတယ်လို့ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမပေါ်ရှိ ရာသက်ပန်မှတ်တိုင်အနီးမှာ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်လောက် စစ်ကောင်စီ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေကို တင်းကြပ်စွာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲ့လိုစစ်ဆေးရာမှာ ယာဉ်ထိန်းရဲတွေ အပါအဝင် အချုပ်ကားတစ်စီးလည်း ရှိနေတယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း မှော်ဘီမြို့နယ်အပြင် အင်းစိန်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ကမာရွတ်လှည်းတန်းနဲ့ စမ်းချောင်းမြို့နယ်တွေမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ လျှပ်စစ်မီတာရုံးမှာ ဒီနေ့ မနက် ၉ နာရီခွဲ ကျော်လောက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် မှော်ဘီအဝင်အထွက်မှာလည်း စစ်ဆေးရေးတင်းကျပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုကြောင့် အမှိုက်ကောက်တဲ့ ကလေးငယ်တစ်ဦး လက်ပြတ်သွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်တွေလည်း လာရောက်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် မှော်ဘီမြို့အဝင်အထွက် စစ်ဆေးရေးတင်းကြပ်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ မှော်ဘီမြို့နယ်အပြင် အင်းစိန်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ကမာရွတ်လှည်းတန်းနဲ့ စမ်းချောင်းမြို့နယ်တွေမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။