Home
မြန်မာသတင်း
မြဝတီမြို့တွင် သတ်မှတ်ချိန် အိမ်ပြင်ထွက်သူများကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေး
DVB
·
August 30, 2021
240943247_2943908972541548_2054829420610692530_n
240933511_4380000032082223_1638041515082493711_n
240926933_272579244386085_8631059842588706168_n
240899712_569545614080819_345862168314804741_n
240897456_709732467091594_5143690306677860472_n
240876025_2986419224956482_6820689644539913952_n
240870749_3067343180170576_5561064197422575163_n
240840846_836535083733356_5734838465557134470_n
240823479_386464796190309_5877953150438409493_n
240818293_2990831791192746_8696036809031811693_n
240804507_144807907808502_8263121257149114479_n
240782832_142921324681457_5163885301285448722_n

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သတ်မှတ်ချိန်လွန် အပြင်ထွက်သူတွေကို  ဒဏ်ကြေး ၅၀၀၀ ကျပ် မရိုက်တော့ဘဲ ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးတာတွေကို သြဂုတ် ၃၀ ရက်က စတင်ဆောင်ရွက်နေပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်း အပြင်ထွက်သူအားလုံးကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်စျေးအရှေ့ဘက်မှာ ခရိုင်ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီက ဦးဆောင်ပြီး အခမဲ့ ကိုဗစ်ပိုး ရှိမ/ရှိ စစ်ဆေးပေးနေတာဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ရှောင်တခင် စစ်ဆေးမှုကြောင့် အိမ်အပြင်ထွက်ချိန်ကျော်သူ ၂၆၉ ဦးကို နှာခေါင်းတို့ဖတ်ယူ စစ်ဆေးရာမှာ အမျိုးသမီး တစ်ဦး ကိုဗစ်-၁၉ တွေ့ရှိခဲ့တာကြောင့် ကိုဗစ်ကျန်းမာရေးစောင့်ကြည့်(စင်တာ)မှာ ပို့ဆောင်‌ကုသသွားမယ်လို့ သိရပါတယ်။

မြဝတီမြို့တွင်းမှာ အိမ်အပြင်ထွက်စျေးဝယ်ချိန်ကို မနက် ၆ နာရီမှ ၉ နာရီအထိ ထွက်ခွင့်ရှိခဲ့ပြီး သြဂုတ် ၂၈ ရက်က စတင်ကာ မနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိ စျေးဝယ်တာနဲ့ ကိစ္စအဝဝအတွက် ထွက်ခွင့်ပြုခဲ့ပေမဲ့ ၁၂ နာရီနောက်ပိုင်း ထွက်သူတွေကို ကိုဗစ်ကာလ ဒေသန္တရအမိန့်အရ အရေးယူတော့မှာ ဖြစ်တယ်လို့  သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024