ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်နှောင်ထားစဉ် အသက်ဆုံးရှုံးရသူ ၃ ဦး ထိ ရှိလာပြီလို့ သိရပါတယ်။
မြို့ခံတစ်ဦးက "စစ်ကောင်စီကဖမ်းဆီးထားတဲ့ တောင်ကြီးကျောင်းကြီး စုရပ်ကွက်က ကိုမျိုးမင်းသန့်ဟာ တောင်လေးလုံးထောင်မှာ ဩဂုတ်လ ၂၉ ရက်နေ့က သေဆုံးခဲ့တယ်" လို့ ပြောပါတယ်။
ကိုမျိုးမင်းသန့် (ခ)သားငယ်ဟာ မတ် (၂၇) ရက်က တောင်ကြီးမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ရာဇ သတ်ကြီးပုဒ်မ ၅၀၅-(က) နဲ့ အကြမ်းဖက်စစ်ကောင်စီ အမှုဖွင့်ထားတာဖြစ်ပြီး ညောင်ရွှေအကျဉ်း ထောင်ကနေ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။
ကိုမျိုးမင်းသန့်ဟာ ကိုးဗစ်- ၁၉ ရောဂါနဲ့ သေဆုံးတာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေထဲက ဩဂုတ်လ ၂၂ ရက်နေ့မှာ မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ ဩဂုတ် ၂၇ ရက်နေ့မှာ ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေးတို့ သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရစဉ် သေဆုံးသူ ၃ ဦးထိရှိလာပြီပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်ဝန် ကြီးချုပ်၊ စီမံ/စီးပွားဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ ဝင်တချို့နဲ့ NLD ပါတီဝင်တွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ၊ CDM ဝန်ထမ်းတချို့နဲ့ သတင်းမီဒီယာတွေကို အကြမ်းဖက်စစ်ကောင်စီက ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။