တောင်ကြီးတွင် စစ်ကောင်စီက ဖမ်းဆီးထားသူများထဲ သေဆုံးသူ ၃ ဦးထိရှိလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေကို အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်နှောင်ထားစဉ် အသက်ဆုံးရှုံးရသူ ၃ ဦး ထိ ရှိလာပြီလို့ သိရပါတယ်။

မြို့ခံတစ်ဦးက "စစ်ကောင်စီကဖမ်းဆီးထားတဲ့ တောင်ကြီးကျောင်းကြီး စုရပ်ကွက်က ကိုမျိုးမင်းသန့်ဟာ  တောင်လေးလုံးထောင်မှာ ဩဂုတ်လ  ၂၉ ရက်နေ့က သေဆုံးခဲ့တယ်" လို့ ပြောပါတယ်။

ကိုမျိုးမင်းသန့် (ခ)သားငယ်ဟာ မတ် (၂၇) ရက်က တောင်ကြီးမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ရာဇ သတ်ကြီးပုဒ်မ ၅၀၅-(က) နဲ့ အကြမ်းဖက်စစ်ကောင်စီ အမှုဖွင့်ထားတာဖြစ်ပြီး ညောင်ရွှေအကျဉ်း ထောင်ကနေ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုမျိုးမင်းသန့်ဟာ ကိုးဗစ်- ၁၉ ရောဂါနဲ့ သေဆုံးတာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ 

ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေထဲက ဩဂုတ်လ ၂၂ ရက်နေ့မှာ မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ ဩဂုတ် ၂၇ ရက်နေ့မှာ ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေးတို့ သေဆုံးခဲ့ပြီး  ဖမ်းဆီးခံထားရစဉ် သေဆုံးသူ ၃ ဦးထိရှိလာပြီပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်ဝန် ကြီးချုပ်၊ စီမံ/စီးပွားဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ ဝင်တချို့နဲ့ NLD  ပါတီဝင်တွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ၊ CDM ဝန်ထမ်းတချို့နဲ့ သတင်းမီဒီယာတွေကို အကြမ်းဖက်စစ်ကောင်စီက  ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up