Home
မြန်မာသတင်း
ရေးမြို့နယ်တွင် အခုနှစ် ရာဘာရာသီကာလမှာ အစေးခြစ် လုပ်သားရှားပါးလာနိုင်
DVB
·
August 30, 2021

မွန်ပြည်နယ်၊  ရေးမြို့နယ်မှာ  အခုနှစ် ရာဘာ ရာသီကာလမှာ အစေးခြစ်လုပ်သား ရှားပါး လာနိုင်တယ်လို့ ဒေသခံ ရာဘာ ခြံသမားတွေက ပြောပါတယ်။

အခုလို ကိုဗစ်ကာလလည်းဖြစ်ပြီး နယ်ကျေးရွာဘက်တွေက ကိုဗစ်ရောဂါက ဆက်ပြီး ကူးစက်နေတုန်းဆိုတော့ အစေးခြစ် လုပ်သားတွေမှာ ရောဂါကူးစက်လာမှာကိုစိုးရိမ်ရသလို အခုလို နယ်မြေလုံခြုံရေးအရ စစ်ရေးလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှု ရန်ကလည်း စိုးရိမ်မကင်းဘူးလို့ ခြံရှင်တွေက ပြောပါတယ်။

ရာဘာအစေးခြစ်လုပ်သားတွေ အများစုမှာ တခြားအရပ်ဒေသက ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဖြစ်ကြပါတယ်။ ရာသီချိန်မှာဆို အစေးခြစ်လုပ်သား သောင်းနဲ့ချီ ၀င်ရောက်လုပ်ကိုင် ကြသလို လုပ်အားခလည်း တရာသီမှာ ကျပ် သိန်းနဲ့ချီ ရရှိကြတယ်လို့ ဒေသခံ ရာဘာထုတ်လုပ်သူတွေက ပြောပါတယ်။

အခုရာဘာပေါက်ဈေး ၁ ပေါင်မှာ  ၆၈၀ ကျပ် ရှိပြီး အခုရရှိတဲ့ဈေးနဲ့ အစေးခြစ် လုပ်သားတွေ ထွက်ခြေကိုက်နေပေမဲ့ ရာသီဥတုအခြေနေအရနဲ့ အစေးခြစ် လုပ်သားတွေရဲ့ အခက်ခဲတွေ ကြောင့်နဲ့ ဆိုခြံငယ်တွေက တွက်ခြေမကိုက်ကြဘူးလို့  ပြောပါတယ်။

ရာဘာကို ခြံရှင်အများစုတွေက နောက်လမှာ ရာနှုန်းပြည့် အစေးခြစ် လုပ်ငန်းကို ပြန်စတင် ဖို့ရှိနေပေမယ့် အစေးခြစ်လုပ်သားတွေရဲ့ လိုအပ်ချက်တွေအရ ရာဘာသီမှာ ထင်သလို ဖြစ်မလာ မှာကို ခြံရှင်တွေကြားမှာ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ဒေသခံ ခြံရှင်တဦးက ပြောပါတယ်။

ရေးမြို့နယ်မှ ရာဘာစိုက်ဧကပေါင်း သိန်းနဲ့ချီရှိပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ ရာဘာဈေးကောင်း တွေ မရလာတဲ့အခါ  ရာဘာအစား တခြားအစားထိုး သီးနှံပင်တွေကို ပြောင်းလဲ လုပ်ကိုင်နေ ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024