စစ်ကိုင်းတိုင်း၊ ကလေးဝ-မုံရွာ ကားလမ်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၂၉ ရက်စပြီး ကားတွေ သွားလာလို့မရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။
ကားဆရာတစ်ဦးက “အခု မိုးအဆက်မပြတ်ရွာနေတယ်။ မုံရွာ-ကလေးဝ လမ်းပိုင်း အောင်ချမ်းသာကြားက တနေရာမှာ မြေသားလမ်းချော်ပြီး မြေပြို ဗွက်နစ်တာတွေ ဖြစ်တယ်။ ကုန်တင်ယာဉ်ကားတွေ သွားလာလို့မရဘဲပိတ်မိနေတယ်” လို့ ပြောပါတယ်။
မုံရွာ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး ပြေးနေတဲ့ကားတွေဟာ နှစ်စဉ် ဇွန်လထဲမှ မိုးရွာသွန်းမှု ကြောင့် လမ်းတွေပျက်စီးပြီး ကားလမ်းတွေ ချောတာကြောင့် ပြေးဆွဲသွားလာတာ မရှိတော့ဘဲ ရပ်နားထားခဲ့ပါတယ်။