Home
မြန်မာသတင်း
ရေဦးမြို့ဝင်ဆိုင်းဘုတ်အနီး ဗုံးကွဲ
win lwin
·
August 29, 2021
240883729_3871728916267147_2182281195988349669_n

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဩဂုတ် ၂၉ ရက် မနက် ၉ နာရီလောက်က မုံရွာ-ရေဦးကားလမ်း ရေဦးမြို့အဝင်ဆိုင်းဘုတ်အနီးမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ‌မြို့ခံတစ်ဦးက ပြောပါတယ်။

“ပေါက်ကွဲခဲ့တာက ၂ နေရာဗျ၊ မြို့ဝင်ဆိုင်းဘုတ်ရဲ့ခြံထောင့်မှာ တနေရာနဲ့ဆိုင်းဘုတ်ဘေးက ကတ်တုံး အုတ်တန်းဘေးမှာတနေရာ ပေါက်ကွဲခဲ့တာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုမှာ လူတွေ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပြီး ဘယ်အဖွဲ့က ဖောက်ခွဲခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

ရေဦးမြို့မှာ ညဘက် ဗုံးပေါက်ကွဲမှုကို မကြာခဏဖြစ်ပွားလေ့ရှိပြီး အခု နေ့ခင်းဘက်မှာ ပထမဆုံးပေါက်ကွဲမှု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024