ရန်စသည့်အပြုအမှုများ မလုပ်ရန် မြောက်ကိုရီးယားကို အမေရိကန်တိုက်တွန်း

မာရီဟာ့ဖျ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ရဲ့ ဦးလေး ဂျန်ဆောင်တိတ်ကို သေဒဏ်ပေးခဲ့အပြီး တခြား ရန်စတဲ့ ရန်စတဲ့အပြုအမူတွေကို ရှောင်ရှားဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက် ပါတယ်။ [caption id="attachment_48429" align="alignright" width="300"]မာရီဟာ့ဖ် မာရီဟာ့ဖ်[/caption] “ရန်စတဲ့ အပြုအမူတွေကို ဆက်မလုပ်ဖို့ မြောက်ကိုရီးယားအစိုးရကို တိုက်တွန်ပါတယ်။ ဒီလို အပြုအမူတွေဟာ ဒေသတွင်း တည်ငြိမ်ရေး အကျိုးစီးပွားလည်း မဟုတ်ပါဘူး” လို့ အမေရိကန် အစိုးရပြောခွင့်ရသူ မာရီဟာ့ဖ်က ဒီဇင်ဘာ ၁၃ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။ ဂျန်ဆောင်တိတ်ကို စီရင်လိုက်တာဟာ အလွန် ရက်စက်တဲ့လုပ်ရပ် ဖြစ်ကြောင်း၊ နောက်ဆုံးအခြေအနေတွေကို အမေရိကန်အစိုးရက စောင့်ကြည့်သွားမယ်လို့လည်း ပြောပါတယ်။ တရုတ်အစိုးရကတော့ ဂျန်ဆောင်တိတ် သေဒဏ်ပေးခံရအပြီး နိုင်ငံတွင်း တည်ငြိမ်ဖို့ မျှော်လင့်တယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြောပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း ဂျန်ဆောင်တိတ်ကို ကွပ်မျက်လိုက်တဲ့နောက်ပိုင်းမှာ ဖြစ်နိုင်ချေအားလုံးအတွက် အသင့် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုတိယအာဏာအရှိဆုံးလို့ သတ်မှတ်ခံရသူ ဂျန်ဆောင်တိတ်ကို ကင်ဂျုံအီး သေဆုံးမှု ဒုတိယ နှစ်ပတ်လည် မတိုင်မီ ရက်ပိုင်းအတွင်းမှာ ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်ပုန်ကန်မှု၊ စီးပွားရေး တလွဲ စီမံခန့်ခွဲမှု စွဲချက်တွေနဲ့ ကွပ်မျက်ခဲ့တာဟာ နိုင်ငံ့ စီးပွားရေး ချွတ်ခြုံကျမှုတွေအတွက် တရားခံရှာတာ ဖြစ်သလို၊ အာဏာလွန်ဆွဲပွဲမှာ ပိုပြီး ခေါင်းမာတဲ့အဖွဲ့တွေ အနိုင်ရသွားတဲ့ လက္ခဏာအဖြစ် သုံးသပ်ကြပါတယ်။ ကင်ဂျုံအန်း အာဏာရလာတဲ့ ၂ နှစ်အတွင်း တာဝေးပစ် မစ်ဇိုင်းဒုံးကျည် စမ်းသပ်မှု ၂ ကြိမ်နဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

//
More News
Up