ယူနိုက်တက်ကို ပြောင်းရွှေ့မည်ဟု စီရော်နယ်ဒိုက ကြိုတင်အသိပေးခဲ့ကြောင်း အီဗရာ ပြော

ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားတော့မှာဖြစ်ကြောင်း စီရော်နယ်ဒိုက ကြိုတင် အသိပေးခဲ့တယ်လို့ အသင်းနောက်ခံ လူဟောင်း အီဗရာကပြောပါတယ်။ 

ယူနိုက်တက်အသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ဖူးတဲ့ အီဗရာနဲ့ ရော်နယ်ဒိုတို့ဟာ  Whatsapp ကနေ တစ်ဆင့် စကားပြောဆိုခဲ့ကြပြီး ရော်နယ်ဒိုက မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားတော့မယ်လို့ အီဗရာကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ သောကြာနေ့အစောပိုင်းကတည်းက ငါတို့ ယူနိုက်တက်အတွက် ကစား တော့မယ်ဆိုတာ ပြောခဲ့ကြောင်း အီဗရာက စခွင်ရှော့ သက်သေနဲ့တကွ တွစ်တာမှာ ပြသခဲ့တာဖြစ်ပါတယ်။ 

မန်ယူနိုက်တက်အသင်းက ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်အပြီး မှာတော့ ရော်နယ်ဒိုကို ပြောခဲ့တာကို တွစ်တာမှာတင်လို့ ရပြီဖြစ်ကြောင်း၊ ဘောလုံးသမိုင်းရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့ဖြစ်ကြောင်း အီဗရာကတွစ်တာကနေ ရေးတင်ခဲ့တာဖြစ်ပါတယ်။

 Wahatsapp  မှာတော့ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ကစားတော့မယ်ပြောခဲ့တာကို “ငါက မင်းအတွက် နောက်စရာမဟုတ်ဘူး” လို့ အီရောကပြန်ပြောခဲ့ပြီး ရော်နယ်ဒိုက နောက်တာမဟုတ်ကြောင်း ပြန်ပြောထားတာကို တွေ့ရပါတယ်။ 

ပြင်သစ်နောက်ခံလူဟောင်း အီဗရာနဲ့ ရော်နယ်ဒိုတို့ဟာ မန်ယူအသင်းမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ အတူကစားခဲ့ဖူးတာဖြစ်ပါတယ်။ 

More News
Up