Home
မြန်မာသတင်း
မြဝတီမြို့တွင် ချိန်ကိုက်မိုင်းပေါက်ကွဲ
DVB
·
August 27, 2021
240710732_638109670932589_2335800947029460569_n
240675069_306155891278682_6739770124294720828_n
240674257_177266181175410_2808077446244018982_n
239985658_1022210855248877_137645157187917300_n
239884794_980928072701174_4016834804055104034_n
239546023_353647859813094_4437109556375465847_n

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သြဂုတ် ၂၇ ရက် မနက်ပိုင်း ၆ နာရီခွဲလောက်က ချိန်ကိုက်မိုင်း တစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖုန်းနဲ့လုပ်ထားတဲ့ ချိန်ကိုက်မိုင်းဖြစ်ပြီး အမှတ်(၅)ရပ်ကွက် ရွှေဝါရင်လမ်းနဲ့ သုခ ၂ လမ်းထောင့် ပလက်ဖောင်းဘေး မြက်တောထဲမှာ ပေါက်ကွဲခဲ့တာပါ။

မိုင်းပေါက်တာကြောင့် သုခ (၂) လမ်းမှာ ရပ်ထားတဲ့  မီဆူဘီရှီအမျိုးအစား ၆ ဘီးကားရဲ့  အရှေ့မှန်ကွဲသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီနဲ့ကော့ကရိတ်မြို့တွေမှာ ချိန်ကိုက်မိုင်းတွေ မကြာခဏ ပေါက်ကွဲမှုရှိပြီး နယ်မြေလုံခြုံရေး တင်းကျပ်ထားကာ တရားခံကို ဖမ်းဆီးရမိတာမရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024