Monday, June 5, 2023
HomeLead Storyကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ ၁၀ ဦးခန့် ရိုက်နှက်ဖမ်းဆီးခံရ

ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ ၁၀ ဦးခန့် ရိုက်နှက်ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဒီနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ၁၀ ယောက်လောက် ရိုက်နှက်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကြောင်းချီတက်နေတဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ အိမ်စီးကားတွေနဲ့ရောက်လာပြီး သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

“အခုမနက် ကျနော်တို့ ဆန္ဒပြနေချိန်စ စစ်ကောင်စီတပ်တွေရောက်လာပြီး သပိတ်စစ်ကြောင်းဖြိုခွင်းခံရတယ်၊ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်။” လို့ စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး စစ်ကြောင်းမှာပါဝင်သူ ၁၀ ယောက်လောက်ကို ရိုက်နှက်ဖမ်းဆီးတဲ့အပြင် ဆိုင်ကယ် ၃ စီးကိုလည်း စစ်ကောင်စီတပ်သားတွေ ယူသွားတယ်လို့ သိရပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့စဉ် ချီတက်ဆန္ဒပြနေပြီး ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ရက်ပေါင်း ၂၀၀ ပြည့်တာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular