မန္တလေး၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်မှာ သြဂုတ် ၂၄ ရက် မနက် ၁၀ နာရီက စစ်ကောင်စီ တပ်စွဲထားတဲ့စာသင်ကျောင်းအနီးမှာ ဖြတ်သန်းသွားတဲ့ လူငယ်တစ်ဦး ပစ်ခတ်ခံရတာကြောင့် ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"သူတို့ နားဖြတ်သွားတဲ့သူကိုပစ်တာ၊ ခြေထောက်ကျည်ထိပြီး ဒဏ်ရာရသွားတယ်။ သူတို့က လက်နက်တွေနဲ့ အဆင်သင့်ချထားတာ၊ ပြီးရင်ရမ်းပစ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခြေထောက်ကျည်ထိမှန်ဒဏ်ရာရသူက အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေရ ပြီး အောင်ချမ်းသာရပ်ကွက်အတွင်းက လမ်းတွေမှာပါ ဝင်ရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
သြဂုတ် ၁၃ ရက်နေ့ညနေပိုင်းက စစ်အုပ်စုတပ်စွဲထားတဲ့ အောင်ချမ်းသာ စာသင်ကျောင်း ဗုံးပစ်ခံထားရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာကြောင့် အခုလို ရမ်းပစ်နေတာလို့ သိရပါတယ်။