မြန်မာအတွက် တရုတ်သံရုံးက အောက်ဆီဂျင်ထုတ်စက် အလုံး ၁၄၀ လှူဒါန်း

Photo : Chinese Embassy in Myanmar

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာမှာကူညီဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဟာ စစ်ကောင်စီကျန်းမာရေး၀န်ကြီးဌာနကို အလိုအလျောက် အောက်ဆီဂျင် ထုတ်ပေးတဲ့စက် Oxygen concentrators  အလုံး ၁၄၀ ကို လှူဒါန်းခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကိုတိုက်ဖျက်ရာမှာ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ကုသရေး အစီအမံတွေမှာ အထောက်အကူပြုနိုင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်က ယုံကြည်ကြောင်း ပြောပါတယ်။

ကျန်းမာရေး၀န်ကြီးဌာနရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူအသစ် ၂,၅၀၆ ဦး တွေ့ရှိခဲ့ပြီးနောက် စုစုပေါင်း ကူးစက်ခံရသူ ၃၇၈,၃၇၇ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ၁၄,၆၂၂ အထိမြင့်တက်ခဲ့ပြီး အခုချိန်ထိ ပြန်လည်သက်သာလာသူ ၃၀၅,၈၄၄ ဦး ရှိတယ်လို့လဲ ဆိုပါတယ်။ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉  ပြန့်ပွားမှုကိုတားဆီးဖို့ ၀န်ကြီးဌာနဟာ မြို့နယ်ပေါင်း ၁၁၉ ခုကို နေအိမ်မှာနေဖို့  Stay at Home အမိန့်ထုတ်ထားပြီး အင်္ဂါနေ့မှာ နောက်ထပ် ၅ မြို့နယ် ထပ်တိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ  ၂ ယောက်ကို မနှစ်က မတ်လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up