Home
မြန်မာသတင်း
ရေးဒေသထွက် သံပရာသီးဈေးနှုန်း ယမန်နှစ်ထက် ထက်ဝက်နီးပါး ကျဆင်း
DVB
·
August 25, 2021

မွန်ပြည်နယ် ရေးမြို့နယ်ကထွက်ရှိတဲ့ သံပရာသီးစျေးကွက်မှာ သံပရာသီးဈေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်ထက် ဝက်ကျော်နီးပါးလောက် ကျဆင်းသွားတာကြောင့် စိုက်ပျိုးတောင်သူတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အခုလိုရာသီအချိန်မှာ သံပရာသီးပေါက်ဈေး ရှယ်သီးဈေးက ၃၀ ကျပ်နီးပါးလောက် ရပေမဲ့ အခု ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကျပ် ၁၅ ကျပ်လောက်သာ ရရှိတာကြောင့် ခြံသမားတွေ အများဆုံး ထိခိုက်နစ်နာကြသလို နယ်ကုန်သည်တွေမှာလည်း အရောင်းအ၀ယ် မရှိသလောက် ဖြစ်နေကြတယ်လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

ဒါ့အပြင် အခုရာသီချိန်မှာ သံပရာသီးကုန်ကြမ်းတွေ ဝင်ရောက်လာနေပေမဲ့ ရန်ကုန်  မန္တလေးပွဲရုံဘက်ကို အရောင်းအ၀ယ် မရှိတာကြောင့် အကျိုးအမြတ်က သိပ်ပြီး မရကြဘူးလို့ နယ်ကုန်သည်တဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ သံပရာသီးစိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးကြကာ သံပရာသီးထွက်ရှိမှုက တရာသီမှာ သန်းနဲ့ချီရှိပြီး စိုက်ဧကလည်း ထောင်နဲ့ချီရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024