Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ အန်အယ်လ်ဒီဆိုင်းဘုတ်တင်သည့် နေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
August 25, 2021
46496032_1053266994873630_4567844323709681664_n

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုန်းသာကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ  ဆိုင်းဘုတ်တင်ထားတဲ့ နေအိမ်တစ်လုံးကို ဒီနေ့ ဩဂုတ်လ ၂၅ ရက်မနက် ၆ နာရီလောက်မှာ စစ်‌ကောင်စီတပ်သား‌တွေက မီးရှို့ဖျက်ဆီးသွားပါတယ်။ 

မီးရှို့ခံရတဲ့ နေအိမ်ဟာ ကုန်းသာကျေးရွာသား  ဦးလှမျိုးနဲ့ ဒေါ်ခန့်ဝါ‌ နေအိမ် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဆိုင်းဘုတ် တင်ထားတဲ့အိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကုန်းသာကျေးရွာသားတစ်ဦးက “စစ်ခွေးအင်အား ၆၀ လောက်နဲ့ ဒလန်သတင်းပေးချက်အရ လာတာထင်တယ်ဗျ။ သူတို့လာတော့ ရွာက လူတွေ အကုန်ထွက်ပြေးကြရတယ်။‌ အိမ်တစ်လုံးနဲ့ ထော်လာဂျီတစ်စီး မီးရှို့ခံရတယ်ဗျ။ ကျနော်တို့ရွာအပြင်ကနေ မီးခိုးတွေ မြင်ရတယ်။ မီးအရှို့ခံရတဲ့ အိမ်ကတော့ ဦးလှမျိုး ဒေါ်ခန့်ဝါရဲ့နေအိမ်ဗျ။ ပထမ အဲဒီအိမ်မှာ လက်နက်တွေထားတယ်ဆိုပြီး ဒလန်က သတင်းပေးတယ်။ သူတို့လာတော့အကုန်ထွက်ပြေးတယ်။ ရွာထဲ လူမတွေ့တော့ အခုလို မီးရှို့တာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

အခုလို ပုဂ္ဂိုလ်ရေးအရမုန်းတီးမှုနဲ့ စစ်ကောင်စီတပ်ကို သတင်းပေးတာဟာ တစ်ဦး တစ်ယောက် နစ်နာရုံသာမက ကျေးရွာသားတွေအားလုံးအတွက် များစွာနစ်နာရတယ်လို့လည်း ရွာသားက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024