Home
သတင်းဓာတ်ပုံ
ဆီးဂိမ်းပွဲစဉ်များ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေး
DVB
·
December 13, 2013
1472072_627486570623180_1521307052_n
1467389_627486810623156_1118826982_n
1464655_627486580623179_1162303014_n
1459276_627486790623158_1140564732_n
944834_627486847289819_72092784_n
579711_627486807289823_1020662539_n
561637_627486577289846_2098959519_n
ကာ့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က နေပြည်တော် ၀ဏ္ဍသိဒ္ဒိ အားကစားကွင်းမှာ ပြုလုပ်တဲ့ ဆီးဂိမ်း ရေကူးပြိုင်ပွဲကို လာရောက် ကြည့်ရှုပြီး မြန်မာအသင်းနဲ့လည်း တွေ့ဆုံသွားပါတယ်။ ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက နေပြည်တော် ၀ဏ္ဍသိဒ္ဒိ မြင်းစီးကွင်းမှာ ဆီးဂိမ်းမြင်းစီးပြိုင်ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ် နာယက ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ဖိတ်ကြားချက်အရ မနက် ၉ နာရီက လာရောက် ကြည့်ရှုသွားပါတယ်။ ဒီပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတဲ့ မြန်မာ့အလှ အမည်ရ မြင်းလည်း ပါဝင်ယှဉ်ပြိုင်ပြီး မဲနှိုက်ဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား မြင်းစီးသမားက စီးမှာ ဖြစ်ပါတယ်။ အဲဒီ့ပွဲမှာပဲ ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရီဗင် နာဗရီ နာရီ ရတနာလည်း ပါဝင်ယှဉ်ပြိုင်နေတာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆီးဂိမ်း အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ဒီဇင်ဘာ ၁၃ရက် မနက် ၁၁နာရီက သွားရောက် ကြည့်ရှု အားပေးသွားပါတယ်။ [gallery ids="48344,48345,48346,48347,48348,48349,48350"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024