ပြည်သူနဲ့လာရောက်ပူးပေါင်းမယ့် တပ်မတော်သားတို့ရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူမယ့်အပြင် စားဝတ်နေရေးအတွက် ပြည်သူ့စစ်သား People’s Soldier အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မိုးဗြဲ PDFက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာရောက်ပူးပေါင်းပါက ပြည်သူပံ့ပိုးထားတဲ့ ဆုတော်ငွေတွေကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားစေခိုင်းမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ အောက်ကနေ ရုန်းထွက်ဖို့ အခုချိန်ဟာ ပြည်သူ့စစ်သားတွေအတွက် အချိန်ကောင်းဖြစ်ပြီး တန်ဖိုးရှိလှတဲ့ တပ်မတော်သားတွေရဲ့ အသက်၊ သွေး၊ ချွေးတွေဟာ မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်တစုရဲ့ အကျိုးစီးပွားအတွက် စတေးခံမဖြစ်စေဖို့ ပြည်သူ့ဘက်ကို ရပ်ဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပတ်သည်အထိ အူ တွန်းလှန်ဖို့ ဖိတ်ခေါ်ထားသလို ပြည်သူဘက်ကို ရပ်တည်လိုက်ခြင်းအားဖြင့် ခက်ခဲမှုမျိုးစုံ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ မှန်ပေမယ့် ပြည်သူစစ်သားတွေကို မိုးဗြဲ PDF က နွေးထွေးစွာ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ပါတယ်။