မုံရွာ ယာကြီး လမ်းပေါ်က တိုးဂိတ် မီးရှို့ခံရ
DVB
·
August 23, 2021
သြဂုတ် ၂၂ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ ယာကြီးလမ်းပေါ်က တိုးဂိတ် မီးရှို့တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “မနေ့ ၁၂ နာရီမှာ အဲဒီတိုးဂိတ်ကို မီးရှို့သွားတယ်၊ တိုးဂိတ်နားက နေအိမ်လည်း မီးရှို့သွားတယ်။ လူတစ်ယောက်လည်း အသတ်ခံရတယ် ကြားတယ်” လို့ ပြောပါတယ်။
အဲဒီတိုးဂိတ်က ပျူစောထီးအဖွဲ့တွေ ဝင်ထွက်သွားလာမှုရှိတဲ့အပြင် စစ်ကောင်စီတပ်တွေ အဝင်အထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို တိုးဂိတ်မီးရှို့မှုပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။