တရုတ်တွင် ဓာတ်ငွေသိုလှောင်စခန်း မီးလောင်ပေါက်ကွဲ

Photo by Reuters
တရုတ်နိုင်ငံမြောက်ပိုင်း ဟူအန်ဟွာ (Huanghua) မြို့က သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရေးစခန်းတခုမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက မီးလောင်ပေါက်ကွဲမှု ဖြစ်လို့ မိသားစု ၄၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနက ဆိုပါတယ်။ [caption id="attachment_48307" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] မနက် ၁၁ နာရီက စခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုဟာ ညနေ ၇ နာရီထိအောင် မီးလောင်ကျွမ်းနေတုန်းပဲလို့ ဆိုပါတယ်။ ဓာတ်ငွေ့ရည် သိုလှောင်ကန်တခုကနေ အခြားနီးစပ်ရာ ဆီလှောင်ကန်တွေကိုပါ ကူးစက် လောင်ကျွမ်းခဲ့ပြီး ဆီသယ်ယာဉ် ၁၁ စီးလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။ မိသားစု ၄၀၀ ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

More News
Up