DVB Logo
Home
မြန်မာသတင်း
ရုရှား နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲ၌ မြန်မာစစ်တပ်ဝင်ပြိုင်၊ သတ်ဖြတ်မှုစွမ်းရည် ပိုမြင့်တက်လာနိုင်ဟုဝေဖန်
DVB
·
August 22, 2021
ရုရှား နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲ၌ မြန်မာစစ်တပ်ဝင်ပြိုင်၊ သတ်ဖြတ်မှုစွမ်းရည် ပိုမြင့်တက်လာနိုင်ဟုဝေဖန်
Donate to DVB

မြန်မာစစ်တပ်ကို ရုရှားမှာကျင်းပနေတဲ့ နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုတာဟာ   ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေကို ပိုမိုအစွမ်းထက်စွာ ဆက်လက်ကျုးလွန်စေဖို့ ကျွမ်းကျင်မှုပိုရလာစေနိုင်သလို  သတ်ဖြတ်မှုစွမ်းရည် ပိုမိုမြင့်တက်စေလိမ့်မယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့  နိုင်ငံတကာစစ်တပ်အားကစားပြိုင်ပွဲ (International Army Games) မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့အပေါ် ထုတ်ပြန်လိုက်တာပါ။

ဒါဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုအားဆန့်ကျင်တဲ့ ရာဇဝတ်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေမှာ  ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှုကို ပိုမိုမြင်သာစေတယ်လို့ လည်း ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်က နိုင်ငံအနှံ အကြမ်းဖက်မှုတွေဆက်ဆိုက်ကျုးလွန်နေပြီး ကိုဗစ်-၁၉ရောဂါကို လက်နက်သဖွယ်အသုံးချ နိုင်ငံရေး အမြတ်ထုတ်နေတဲ့ အခြေအနေမျိုးမှာ ရုရှားရဲ့ စစ်တပ်အားကစားပြိုင်ပွဲကိုပါဝင်ဖို့ ဖိတ်ခေါ်တာက ရုရှားအနေနဲ့ မြန်မာစစ်တပ်နဲ့ ပိုပြီးနက်ရှိုင်းတဲ့ ဆက်နွှယ်ပတ်သက်မှု အသစ်လို့ပြောနိုင်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာစစ်တပ်ဟာ တင့်ကားစွမ်းရည်ပြိုင်ပွဲ (tank biathlon)၊ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ (sea cup)၊ လက်ဖြောင့်စွမ်းရည်ပြိုင်ပွဲ (sniper frontier)၊ လေကြောင်းချီတပ်စွမ်းရည်ပြိုင်ပွဲ (airborne platoon)နဲ့ စစ်တပ်ယဉ်ကျေးမှု (army of culture) ပြိုင်ပွဲတွေမှာ ဝင်ပြိုင်မှာဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ဟာ Sniper ပြိုင်ပွဲမှာ ဆုရလေ့မရှိပေမဲ့  စစ်အာဏာသိမ်းပြီးနောက် လမ်းမတွေပေါ်မှာ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုရဲ့ ဦးခေါင်းတွေကို သေနတ်နဲ့ချိန်ပစ်ခတ်သတ်ဖြတ်ရာမှာ    Sniper  စွမ်းရည်ကို ကောင်းကောင်းအသုံးချခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ စတင်မယ့် အဆိုပါ နိုင်ငံတကာစစ်တပ်အားကစားပြိုင်ပွဲဟာ  မြန်မာစစ်တပ် က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သော  “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး” စတင်တဲ့ ၄ နှစ်မြောက်နှစ်ပတ်လည်နေ့  ဩဂုတ်လ ၂၅ ရက်နေ့နဲ့လည်း  တိုက်ဆိုင်နေပါတယ်။

မြန်မာစစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်တာ၊ လေ့ကျင့်ပေးတာနဲ့ လက်နက်ရောင်းချတာတွေကလည်း မြန်မာစစ်တပ်က ကျုးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ထောက်ပံအားပေးအားမြှောက်လုပ်နေဖြစ်လို့  ရုရှားရဲ့ပါဝင်ပတ်သက်မှု အဆုံးသတ်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုတားဆီးပိတ်ပင်ရေးကို ချက်ချင်း အကောင်ထည်ဖော်ပေးဖို့  Justice For Myanmar ကတောင်းဆိုပါတယ်။ 

ဒီပြိုင်ပွဲရဲ့ ကုန်ကျစရိတ်ကို ကိုဗစ်-၁၉ ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသားခြင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဒဏ်ခံနေရတဲ့  ပြည်သူတွေက ကျခံပေးရတာ လို့ဆိုပါတယ်။  

ဒီပြိုင်ပွဲရဲ့ အကုန်ကျအများဆုံးပြိုင်ပွဲတစ်ခုကတော့ တိုက်ရေယာဉ်စွမ်းရည်ပြိုင်ပွဲ “Sea Cup” ဖြစ်ပြီး မြန်မာ့ရေတပ် စစ်သင်္ဘောကိုရုရှားရဲ့ ပစိဖိတ်ရေတပ်အခြေစိုက်စခန်းတည်ရှိရာ ဗလာဒီဗိုစတော့မြို့အထိ  သယ်ဆောင်လာရတာဖြစ်ပါတယ်။ 

ပြိုင်ပွဲဝင်နိုင်ငံတွေအထဲမှာ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့အပြင် အစ္စရေးနဲ့  ဥရောပဒေသက ဂရိ၊ ဆိုက်ပရပ်စ် စတဲ့နိုင်ငံတွေလည်းပါဝင်ပါတယ်။ 

ဒီပြိုင်ပွဲကို အရင်တုန်းကတော့ ရုရှားမှာ Army Games  အဖြစ် ကျင်းပနေခဲ့ရာက ၂၀၁၅ ခုနှစ်ကစလို့ International Army Games အဖြစ်  နိုင်ငံတကာက တပ်ဖွဲ့တွေကို ဖိတ်ခေါ်ဝင်ရောက်ယှဉ်ပြိုင်စေခဲ့တာပါ။

မြန်မာစစ်တပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်ကကျင်းပတဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နိုင်ငံ ၉ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းမှာ မြန်မာစစ်တပ်က  နိုင်ငံအလိုက်အဆင့် ၆ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013