KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်တွင် တရားမ၀င် မြန်မာဘီယာများကို ဖျက်ဆီး (ဓာတ်ပုံ)
DVB
·
August 22, 2021
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ မိုင်ဂျာယာန်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာဘီယာဖာတွေကို ဩဂုတ် ၂၁ ရက်မှာ ဖမ်းဆီးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလအတွင်း စားသောက်ကုန်ပစ္စည်းတွေကို အဓိကတင်သွင်းခွင့်ပြုထားပေမယ့် အရက်၊ ဘီယာ တင်သွင်းခွင့်ကို တားမြစ်ထားတာပါ။
သက်ဆိုင်ရာကော်မတီတွေကနေ ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှာ နယ်စပ်ဖြတ်ကျော် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအမှတ်တံဆိပ် ဘီယာဖာ ၅၀ ကို စစ်ဆေးတွေ့ရှိခဲ့တာလို့ မြို့အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူတစ်ဦးဆီက သိရပါတယ်။
ပုံ - kachin net