မကွေးတိုင်းအတွင်းက ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာအတု ပြီးခဲ့ရက်အနည်းငယ်က ထွက်ပေါ်လာပြီး မဆက်သွယ်ကြဖို့ သတိပေးထားပါတယ်။
ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “ဗိဿနိုးပြည်သူ့ကွယ်ရေးတပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုဆီ သတင်းပြန်ကြားပေးဖို့ သီးသန့်ဖွင့်လှစ်ထားတဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လူမှုကွန်ရက်စာမျက်မှာအတုပေါ်ထွက်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ မဆက်သွယ်မိကြဖို့နဲ့ ဆက်သွယ်လာရင်လည်း ပြန်လည်မဆက်သွယ်ကြဖို့ သတိပြုစေလိုပါတယ်” လို့ ပြောပါတယ်။
ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မည်သူတစ်ဦးတစ်ယောက်ဆီကိုမှ အလှူခံယူခြင်း မရှိခဲ့ကြောင်းနဲ့ နောက်နောင်လည်း လူမှုကွန်ရက်စာမျက်မှာကနေ အလှူခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သတင်းပြန်ကြားရေး လူမှုကွန်ရက်စာမျက်မှာကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Like နဲ့ Follows ပြုလုပ်ထားသူ ၆၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။