Home
မြန်မာသတင်း
မန္တလေးမြို့၌ ၁ ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် ၁၆၀ ခန့် သေဆုံး
DVB
·
August 22, 2021
239913184_3058726817717690_138052496488512403_n
237788259_3058726944384344_142724890266122576_n
237296200_3058726784384360_3190543371657944237_n
237116355_3058726704384368_8222697392278992635_n
236092476_3058726744384364_5423607532520074261_n
235955853_3058727574384281_946051961989791385_n
235588070_3058727194384319_3359854759911990397_n
235493904_3058727307717641_3837907550087672203_n
234767895_3058727074384331_7991076624527939913_n
234570010_3058726857717686_5146616119334808133_n
234160235_3058727477717624_3732337425477953894_n

မန္တလေးမြို့မှာ သြဂုတ် ၁၅ ရက် မှ ၂၁ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၆၀ ဝန်းကျင် ရှိခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။ 

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၁၅ ရက် မှ သြဂုတ် ၂၁ ရက်နေ့ထိ ထုတ်ပြန်ချက်မှာ မန္တလေးမြို့မှာ ကိုဗစ်ကူးစက်ခံရသူ  ၈၈ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၄၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

သြဂုတ်လ ၂၁ ရက် တစ်ရက်တည်းမှာ သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်လူနာ ၁၆ ဦး သေဆုံးခဲ့ပါတယ်။  မန္တလေးဆေးရုံကြီးရင်ခွဲရုံက ကိုဗစ်လူနာ ၈ ဦး၊ မြို့တော်ဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၆ ဦး သေဆုံးခဲ့ရပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်ခြင်း၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။

ဇူလိုင် တစ်လအတွင်း ကိုဗစ်လူနာ နဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024