မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေလှံကျေးရွာမှာ သြဂုတ် ၂၁ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို ဒေသခံတွေဆီကနေ သိရပါတယ်။
ရေလယ်ကျွန်းဒေသ ရွှေလယ်ကျွန်းကျေးရွာမှာ ဒလန်တွေက လက်နက်တွေရှိတယ်လို့ သတင်းပေးတာကြောင့် မနက် ၁၁ နာရီကျော်လောက် စစ်ကောင်စီတပ်အင်အား ၈၀ ကျော်လောက်ရောက်လာပြီး လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ရေလည်ကျွန်းဒေသကို စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ စက်လှေနဲ့ လာရောက်ဝိုင်းဝန်တာဖြစ်ပြီး ပြည်သူတွေ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။