ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ
DVB
·
December 12, 2013
၆ နှစ်ကြာ ပြေးဆွဲတာ ရပ်ဆိုင်းထားခဲ့တဲ့ ဘီမန် (Biman) ဘင်္ဂလားဒေ့ရှ် လေကြောင်း လိုင်းဟာ ဒီဇင်ဘာ ၁၂ ရက် က စပြီး ပြန်လည် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
လေကြောင်းလိုင်း ပြန်ပြီး ပြေးဆွဲတဲ့ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် sky smile ခန်းမမှာ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ နှစ်နိုင်ငံ သံအမတ်တွေနဲ့ လေကြောင်းလိုင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်လေကြောင်းဟာ ရန်ကုန်နဲ့ ဒါကာအကြား အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပျံသန်းပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်းကို ပြည်ပ လေကြောင်းလိုင်း စုစုပေါင်း ၂၂ လိုင်း ၀င်ရောက် ပြေးဆွဲလျက် ရှိပါတယ်။