ဆာလာကို ဆက်ထိန်းရန် စံချိန်တင်လုပ်ခဖြင့် လီဗာပူး ကမ်းလှမ်းထား

လီဗာပူးအသင်းဟာ တိုက်စစ်ကစားသမားဆာလာကို ဆက်ထိန်းနိုင်ဖို့အတွက် သမိုင်းတလျှောက် အများဆုံး ငွေကြေးနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

ဆာလာဟာ အသင်းနဲ့ ၂ နှစ်သက်တမ်းသာ ကျန်ရှိတော့ပြီး လာမယ့်ရာသီမှာ ရောင်းချခြင်းမပြုရဖို့ဆိုရင် အခုနှစ်ရာသီမှာ စာချုပ်သက်တမ်းတိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

ဆာလာဟာ အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်ပြီး သက်တမ်းတိုးနိုင်ဖို့အတွက် လုပ်ခတိုးပေးရမှာဖြစ်လို့ သမိုင်းတလျှောက် အသင်းရဲ့ လုပ်ခအများဆုံး ပေးချေရတဲ့ ကစားသမား ဖြစ်လာမှာပါ။

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကလည်း ဆာလာကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပြီး မကြာခင်မှာ အဆင်ပြေလိမ့်မယ်လို့ ပြောပါတယ်။ 

၂ နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာကြောင့် ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်လာခဲ့ပြီး ဆာလာအနေနဲ့ သွင်းဂိုးတွေအတွက် ဆာလောင်နေဆဲဖြစ်ကြောင်းနဲ့ ကွင်းအတွင်းမှာလည်း လိမ္မာပါးနပ်သူတစ်ဦး ဖြစ်တယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ချီးကျူးခဲ့ပါတယ်။

More News
Up