မက္ကဆီကိုနိုင်ငံတွင် ရေဒီယိုသတင်းထောက် ၁ ဦးအသတ်ခံရ

မက္ကဆီကိုနိုင်ငံ၊ ပင်လယ်ကမ်းခြေဒေသ၊ ဗဲယ်ရာခရုဇ်ပြည်နယ်၊ အယ်ရိုက်ဇဘာမြို့မှာ အမည်မသိတိုက်ခိုက်သူတွေကြောင့် ရေဒီယိုသတင်းထောက်တဦး သူ့ရဲ့နေအိမ်အပြင်ဘက်မှာ အသတ်ခံခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက သြဂုတ် ၁၉ ရက်က ပြောပါတယ်။

အိုရီစတီရီယို ရေဒီယိုဌာနရဲ့ ပြည်တွင်းနိုင်ငံရေးသတင်းတွေ တင်ဆက်ပေးနေတဲ့  သတင်းထောက် ဟာစင်တို ရိုမဲရိုဟာ အိစ်တခ်ဂျိုကိတလန် မြူနီစီပယ်နယ်မြေအနီးမှာ မနက်ပိုင်း တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားတာလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

ရိုမဲရိုဟာ သူ့ရဲ့မော်တော်ယာဉ်နဲ့ မြို့ကိုဖြတ်ပြီး မောင်းနေတုန်း တိုက်ခိုက်ခံရတာလို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ 

ရိုမဲရိုဟာ သူ့ရဲ့အလုပ်တာဝန်နဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ လက်ခံရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရေဒီယိုဌာန ပြောခွင့်ရအမျိုးသမီးတယောက်က ရိုက်တာကို ပြောကြားပါတယ်။

သတင်းထောက်တွေကို အကာအကွယ်ပေးဖို့ ရည်ညွှန်းဖွဲ့စည်းထားတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ Article-19 ရဲ့ စာရင်းအရ သတင်းထောက်ဆိုတဲ့ အလုပ်အကိုင်ကြောင့် ၂၀၀၀ ပြည့်နှစ်ကတည်းက တိုင်းပြည်မှာ သတင်းထောက် ၁၄၁ ယောက် အသတ်ခံခဲ့ရပြီး ဒီစာရင်းထဲမှာ ဟာစင်တို ရိုမဲရိုကို မထည့်ရသေးပါဘူး။

ဂျာနယ်လစ်တွေအပေါ် အကြမ်းဖက်မှုကို မရပ်တန့်စေတဲ့ အဓိကအကြောင်းရင်းတခုကတော့ ပြစ်မှုကျူးလွန်သူတွေဟာ သူတို့အပြစ်ပေးမခံရဘူးဆိုတာ သိနေလို့ပဲလို့ ဂျာနယ်လစ် ဟွမ်ဟိုဆေး အင်န်ရိကေးက ပြောပါတယ်။ 

သူတို့ကို ဘယ်သူမှ ဘာမှ လုပ်မပေးဘူး။ အခု ဒီကိုရောက်နေတဲ့ သတင်းသမားတွေအများကြီးဟာ အာဏာပိုင်တွေနဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ကြဉ်ထားသလို ခံစားကြရတယ်လို့လည်း ဆိုပါတယ်။ အစိုးရအဖွဲ့အစည်းတွေက သတင်းထောက်တွေကို မကာကွယ်ဘူး၊ သူတို့က အလုပ်မလုပ်ကြဘူး လို့လည်း ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up