စစ်ကိုင်းတိုင်း ပုလဲမြိုနယ်မှာ ဩဂုတ် ၂၀ ရက်နေ့ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တစ်စီးကို မြိုင်နဲ့ ပုလဲမြို့နယ် PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့နယ်ကနေ လာတဲ့ စစ်ကောင်စီတပ်ယာဉ်တစ်စီးကို ပုလဲမြို့နယ် ပိတောက်ကုန်းလမ်းခွဲနဲ့ နဂါးမတောင်ကြားက ဝမ်းဘဲကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပူးပေါင်းတပ်ဖွဲ့ အဖွဲဝင်တစ်ဦးက ပြောပါတယ်။
“ပထမက စစ်ကောင်စီကား ပျဉ်းမော်ဂွေ့အနားမှာ ဘီးချော်ပြီး ခြောက်ထဲထိုးကျမလိုဖြစ်နေတော့ နောက်ကပါလာတဲ့ ကားတွေ လမ်းပိတ်ပြီး ရှေ့တက်မလာနိုင်ဘဲ လမ်းပိတ်နေတာကို ကျနော်တို့သိပြီး ဝမ်းဘဲရွာအနီးမှာ ဆွဲမိုင်းထောင်တိုက်ခိုက်တာ။ တစ်စီးတော့ ထိထိမိမိ မိတယ်ဗျ။ အသေအပျောက်ကတော့ ကျနော်တို့ဘက်က အကျအဆုံးမရှိဘူး။ စစ်---ဘက်ကတော့ အယောက် ၂၀ ထက် မနည်းလောက်ဘူးဗျ။”
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ယာဉ်တန်းပါ စစ်ကောင်စီတပ်တွေက အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလဲမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီကားတွေကို မိုင်းခွဲတိုက်ခိုက်တာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။