Home
မြန်မာသတင်း
ရေစကြို PDF တပ်ဖွဲ့၏ လက်နက်များ သိမ်းဆည်းခံရ
DVB
·
August 20, 2021

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ သြဂုတ်-၁၉ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တပ်စခန်းကနေ ဆုတ်ခွာ ပေးလိုက်ရပြီး လက်နက်တွေ သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မနက် ၆ နာရီလောက်မှာ စစ်ကား ၄ စီး၊ အင်အား ၁၀၀ နီးပါးလောက်နဲ့ အခြားမြို့နယ်ကနေ ပတ်ပြီးတော့ ထိုးစစ်ဆင်လာတာကို အနီးနားရောက်မှ သိရတဲ့အတွက် ဆုတ်ခွာပေးခဲ့ရပြီး လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံခဲ့ရတာလို့ ရေစကြို PDF တပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အားအများအပြား သုံးစွဲပြီး လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာတာကြောင့် ပြန်လည်ခုခံနိုင်ခဲ့ခြင်းမရှိဘဲ လက်နက်တွေ သိမ်းဆည်းခံခဲ့ရတာပါ။

ရေစကြို PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို နိုင်သလောက်သယ်ယူပြီး အထိခိုက်အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ  ရေစကြို မြို့နယ်ထွေအုပ်ရုံး၊ မြန်မာစီးပွားရေးဘဏ်နဲ့ ပခန်းကြီး နယ်မြေ ရဲစခန်းတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024