Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နေရပ်စွန့်ခွာထွက်ပြေး
DVB
·
August 20, 2021
239460254_518349775907885_494808729244228673_n

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ထဲက စစ်အာဏာရှင် အားပေးထောက်ခံတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ မိသားစုအလိုက် အသတ်ခံရမှာကြောက်ပြီး နေရပ်တွေကနေ စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက်က “စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူးအများစု မိသားစုလိုက် ထွက်ပြေးနေကြတာပါဗျ။ ဒီကောင်တွေ ထွက်ပြေးရမှာပေါ့ဗျာ၊ အာဏာရူးချင်ကြတာလေ။ ပြည်သူက မကြိုက်တာကို ပထွေးဖအေခေါ်ချင်တော့ အသတ်ခံရမှာပဲ။ တချို့ကတော့ ထွက်စာတင် ပြည်သူနဲ့ ပူးပေါင်းတာတွေရှိတယ်။ တချို့ကတော့ ပထွေးအားရ ဆက်လုပ်နေကြတယ်လေ” လို့ ပြောပါတယ်။

မြောင်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရတာ ၄ ဦးရှိပြီဖြစ်ပြီး ထွက်ပြေးသွားကြတဲ့ သူတွေကတော့ ကင်းရွာ၊ နဘက်ရွာနဲ့ မြို့ပေါ် တောင်ရပ်က အုပ်ချုပ်ရေးမှူးတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြောင်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ရှင်းလင်းနေတာဟာ ပြည်သူအပေါ် သစ္စာဖောက်ကာ CRPH၊ NUG၊ PDF စတာတွေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး  စစ်ကောင်စီအား သတင်းပေးဖမ်းခိုင်းတာတွေကြောင့် ဖြစ်တယ်လို့ ဒလန်ရှင်းလင်းရေး အဖွဲ့ဝင်တယောက်က  ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024