မြစ်ကြီးနားတွင် မီးလောင်၊ ဖုန်းဆိုင်နှင့်နေအိမ် ၁ လုံး ဆုံးရှုံး
DVB
·
August 19, 2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ ၁ ရှိ ဖုန်းဆိုင်တခုမှာ သြဂုတ် ၁၉ ရက် မနက် ၂ နာရီ မိနစ် ၄၀ လောက် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ရာကို ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၃ နာရီမှာ မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဖုန်းဆိုင် နဲ့ လူနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေတယ်လို့ သိရပါတယ်။