ဗိုလ်ချုပ်ဈေး ရတနာဆိုင်ခန်းပြဿနာ လွှတ်တော်မှာ တင်ပြမည်
DVB
·
December 11, 2013
လက်ရှိ အငြင်းပွားနေတဲ့ ရန်ကုန် ဗိုလ်ချုပ်ဈေး ရတနာဆိုင်ခန်းပြဿနာ အငြင်းပွားမှုကို လာမယ့် ဇန်န၀ါရီလမှာ စတင်မဲ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားမယ်လို့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ဗိုလ်ချုပ်ဈေး ရတနာဆိုင်ခန်းတွေဟာ နဂိုက အစိုးရ သမ၀ါယမ ပိုင် ဆိုင်ခန်းတွေ ဖြစ်ပါတယ်။
နောက်ပိုင်း ပုဂ္ဂလိက လက်ထဲရောက်သွားပြီး ကျောက်မျက်ရတနာ ဆိုင်ခန်း ဖွင့်လှစ်သူ တွေကို ငှားရမ်းခဲ့ပါတယ်။
ခုအခါ ပိုင်ရှင်က အဆောက်အဦကို အကြီးစား ပြင်ဆင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ခန်းငှားသူတွေကို လာမယ့် ၂၀၁၄ ဇန်န၀ါရီ ၁ ရက်နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့
အကြောင်းကြားရာက ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေက ဖယ်မပေးနိုင်ကြောင်း ပြောဆိုထားကြပြီး သက်ဆိုင်ရာတွေကို
တင်ပြ တိုင်တန်းထားကြောင်း အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ဗိုလ်ချုပ်ဈေးထဲက ဈေးဆိုင်ခန်းတွေဟာ ၁ ခန်းကို ကျပ် သိန်းထောင်ချီ တန်ဖိုးရှိကြောင်း စုံစမ်းသိရပါတယ်။