အာဂျင်တီးနားတွင် လုယက်မှုများနှင့်ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွား

အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းပြည်နယ်မှာ နိုင်ငံတွင်း လုံခြုံရေးအခြေအနေတွေ ယိုယွင်း လာတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြတဲ့ ပြည်သူတွေနဲ့ ရဲတွေ ရိုက်နှက်မှုတွေ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားပါတယ်။ Arginအာဂျင်တီးနားနိုင်ငံအတွင်း နေရာအတော်များများမှာ ရဲတွေက လစာ တိုးမြှင့်ပေးဖို့ သပိတ်မှောက် တောင်းဆိုနေကြတာ ဖြစ်ပြီး နိုင်ငံအနှံ့ လုယက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီလုယက်မှုတွေအတွင်း အနည်းဆုံးလူ ၈ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ တုကုမန်း (Tucuman) ပြည်နယ်ရုံးအပြင်ဘက်မှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုကွဲခဲ့ပါတယ်။ “သူတို့တွေ ပြည်နယ်ရုံးထဲကနေ ထွက်လာပြီး ပစ်သွားတာပါ။ ပြီးတော့ ပြန်ဝင်သွားကြတယ်။ ကျနော်က ရှေ့မှာ ဒီအတိုင်းပဲ ရပ်နေတာကို ရာဘာကျည်နဲ့ ပစ်သွားတယ် ထင်တယ်” လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ အက်ကွာဒို ဘူလော့စ် (Eduardo Bulos) က ပြောခဲ့ပါတယ်။

More News
Up