Monday, June 5, 2023
HomeLead Storyမန္တလေးက ဆန္ဒပြသပိတ်ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ

မန္တလေးက ဆန္ဒပြသပိတ်ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတဲ့ မန္တလေးသပိတ်အင်အားစုခေါင်းဆောင် ကိုကျော်သီဟကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ် ၁၆ ရက် ဒီညနေပိုင်းက ဖမ်းဆီးသွားပါတယ်။

မန္တလေးသပိတ်အင်အားစုက သပိတ်ခေါင်းဆောင်  ကိုကျော်သီဟ ဖမ်းဆီးခံရပြီးနောက် သူနဲ့ ပတ်သက်ဆက်စပ်တဲ့ နေအိမ်တချို့ကိုလည်း ဝင်ရောက်စီးနင်းတာရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုမှာ ပါဝင်သူ တစ်ဦးက ပြောပါ တယ်။

“ကျော်သီဟ ဖမ်းခံရတာတော့ဟုတ်တယ်။ သူဖမ်းခံပြီး တခြား သပိတ်ခေါင်းဆောင်တွေ နေအိမ်တွေ ဝင်စီးခံရတယ်ပြောတယ်။”

ကိုကျော်သီဟကို ၇၃ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းကြားမှာ အရပ်ဝတ် စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်ကို တွန်းလှဲ ထိုးကြိတ်ပြီး အိမ်စီးကားနဲ့ ဖမ်းသွားတာလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular