Home
မြန်မာသတင်း
ရေးမြို့နယ် အောင်မင်္ဂလာရပ်ကွက်က ပရဟိတ တဖွဲ့လုံး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
August 16, 2021
234410894_293530229194492_8010065021107127366_n
233209561_361341048702376_4319671492434659699_n
231067872_2974593856114361_4941428152674732523_n
230308101_523409388944574_1148467099070942283_n
227437693_1243076589479291_6153306999592652431_n

မွန်ပြည်နယ်  ရေးမြို့နယ် ကိုဗစ်လူနာတွေနဲ့ သေဆုံးသွားသူတွေကို ရှေ့တန်းက ကူညီပေးနေတဲ့  အောင်မင်္ဂလာရပ်ကွက်က လူငယ်ပရဟိတအဖွဲ့ဝင်အားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရထားတယ်လို့  မြို့ခံပရဟိတသမားတဦးက ပြောပါတယ်။

ပရဟိတအဖွဲ့ဝင် ၈ ဦးအား သြဂုတ် ၁၆ ရက်နေ့  စစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး မြို့ပေါ်ရပ်ကွက် နဲ့ နယ်ကျေးရွာပါမကျန် ကိုဗစ် လူနာတွေနဲ့ ထိတွေ့လူနာတွေအပြင် သေဆုံး လူနာတွေကို နေ့စဉ်နဲ့အမျှနေ့ရောညပါ ရှေ့တန်းကနေ ပါဝင်ကူညီပေးနေတာလို့ ဆိုပါတယ်။

အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ပရဟိတလုပ်ငန်းကို ခေတ္တရပ်နားထားမယ်လို့  ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရခဲ့ရတဲ့ အောင်မင်္ဂလာရပ်ကွက်က ပရဟိတအဖွဲ့ဝင်အားလုံးကို ကုသရေးစင်တာမှာ ထားရှိပြီး လက်ရှိအခြေနေမှာ အားလုံးက ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်တွင်  ပရဟိတအဖွဲ့ ပေါင်း အနည်းဆုံး ၁၀ ဖွဲ့ လောက်ရှိပြီး အောင်မင်္ဂလာရပ်ကွက်က လူငယ်ပရဟိတအဖွဲ့ဝင်အားလုံး ပိုးကူးစက်ခံထားရတာပါ။

ရေမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ  ဒီနေ့အထိ ၁၁၁၈ ဦးနဲ့ သေဆုံးသူ ၉၆ ဦးရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024