Home
မြန်မာသတင်း
မုံရွာမြို့ အကောက်ခွန်ရုံးအတွင်း ဗုံးပေါက်ကွဲ
DVB
·
August 16, 2021
237140042_516138362795693_7418807077812204075_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကမ်းနားလမ်း Denko ဆီဆိုင်အနီးမှာရှိတဲ့ အကောက်ခွန်ရုံး အတွင်းမှာ ဩဂုတ်လ ၁၆ ရက် ဒီညနေ ၃ နာရီခွဲ၀န်းကျင်က ဗုံးပေါက်ကွဲတယ်လို့ သလ္လာရဝတီရပ်ကွက်နေပြည်သူတွေထံက  သိရပါတယ်။

“ကျနော် အသံအကျယ်ကြီး ကြားလိုက်ရတာက အကောက်ခွန်ရုံးအတွင်းကဗျ။ အထိအခိုက်ရတာကတော့ သွားကြည့်လို့ မရဘူး။ အိမ်အပြင်မထွက်ရ အမိန့်ကလည်း ရှိသေးတယ်လေ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အိမ်အပြင်မထွက်ရအမိန့်ချတာ ၃ ရက်တောင်ရှိနေပြီဗျ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း မုံရွာမြို့အထွက် စစ်ဆေးရေးဂိတ်အနီးမှာ ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင် အနည်းဆုံး ၃ ယောက်လောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024