ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ သြဂုတ် ၁၆ ရက် နေ့လယ်ပိုင်းက မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဗုံး ၃ လုံးတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သန့်ရှင်းရေးပြုလုပ်နေစဉ် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“တွေ့တာတော့ ဟုတ်တယ်၊ ဗုံးအားလုံး ၃ လုံးလို့ သိရတယ်။ မပေါက်ကွဲသေးတဲ့အချိန် သန့်ရှင်းရေးလုပ်ရင်းတွေတယ်လို့ ပြောတယ်။ ခုတော့ စရဖနဲ့ ရဲတွေလာပြီး စစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးတွေ့ခဲ့တဲ့ မြို့နယ်လျှပ်စစ်ရုံးကို နယ်မြေခံရဲတပ်ဖွဲ့နဲ့ စစ်ဖက်ဆိုင်ရာစုံစမ်းရေးအဖွဲ့တွေ ရောက်ရှိလာပြီး လျှပ်စစ်ရုံးဝန်ထမ်းတွေကို စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မြို့နယ်လျှပ်စစ်ရုံးရှေ့မှာတွေ့ရှိခဲ့တဲ့ ဗုံးတွေနဲ့ပတ်သက်ပြီး မည့်သည့်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ အတည်အကျမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။